ကင်ညာမှာ ဒုက္ခသည် စခန်းသစ် ဖွင့်ပေးမယ် ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ကင်ညာ ဝန်ကြီးချုပ် Raila Odinga

ကင်ညာနိုင်ငံမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဒုက္ခသည် စခန်းသစ်ကို ဖွင့်လှစ် ပေးမယ်လို့ ဝန်ကြီးချုပ် Raila Odinga က ပြောပါတယ်။

ဒီစခန်းဟာ မိုးခေါင်ရေရှားမှု ဒဏ်ကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေ ဆိုမာလီက ဘေးဒုက္ခဆိုးကြောင့် ထွက်ပြေးလာရသူတွေကို ထားဖို့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ကင်ညာ နိုင်ငံ အရှေ့မြောက်ပိုင်း Dadaab က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကို မစ္စတာ အိုဒင်းဂါး လာရောက်တုန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီစခန်းမှာ ဒုက္ခသည် သုံးသိန်းရှစ်သောင်းလောက် နဲ့ ပြည့်ကြပ်နေပြီး သူတို့ကို ကူညီစောင့်ရှောက်မှု ပေးနိုင်ဖို့ ရုန်းကန်ကြိုးစား နေရတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ကင်ညာ အစိုးရဟာ သူတို့နိုင်ငံထဲ ဒုက္ခသည်တွေ အများအပြား ဝင်ရောက်လာမှာ စိုးရိမ်တာကြောင့် ဒီစခန်းကို ဖွင့်ဖို့ တုန့်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီစခန်းကို လာမယ့် ဆယ်ရက်အတွင်း ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။