လစ်ဗျား အမျိုးသားကောင်စီ ကို အသိအမှတ်ပြု

libya ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျား အရေး အနောက်အုပ်စု ဆွေးနွေး

အီတလီ နိုင်ငံခြားရေး ဝန်ကြီး Franco Frattini က အစ္စတန်ဘူးလ်မှာ ကျင်းပတဲ့ အနောက်အုပ်စုနဲ့ အာရပ်နိုင်ငံခြားရေး ဝန်ကြီးများနဲ့ အစည်းအဝေးမှာ လစ်ဗျား သူပုန်အုပ်စု အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီကို အခုအချိန်က စ လို့ လစ်ဗျားရဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုရေး ဆွေးနွေးကြတဲ့ အကြောင်း သတင်းထောက်တွေကို ပြောပြပါတယ်။

ဒါဆိုရင် ဗိုလ်မှူးကြီး ကဒါဖီ အနေနဲ့ ရာထူးက ဆင်းပေးဖို့က လွဲလို့ ရွေးစရာလမ်း မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒီကနေ တဆင့် လစ်ဗျား ဆက်သွယ်မှု နိုင်ငံခြားရေး ဝန်ကြီးတွေ အနေနဲ့ နောက်တဆင့် အဖြစ် ဗိုလ်မှူးကြီး ကဒါဖီ ကို သစ္စာစောင့်သိတဲ့ တပ်တွေကို ဆန့်ကျင် တိုက်ခိုက်ရေး လှုံ့ဆော်မှု တွေ ပြုမယ်လို့ Mr Frattini က ပြောပါတယ်။

ဒါ့အပြင်၊ လစ်ဗျားနိုင်ငံ ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ( Abdul Elah Al Khatib) ကိုလဲ အပစ်အခတ်ရပ်ဆဲ ရေး ကမ်းလှမ်းချက် အသစ်ကို ကဒါဖီ ကိုပေးဖို့ Tripoli သွားရေး ကိုလဲ အစည်းအဝေးမှာ သဘောတူလိုက်ကြပါတယ်။