ရိုဟင်ဂျာ ဒုက္ခသည် တွေ တိုက်ခိုက်ခံရ

rohinja
Image caption ရိုဟင်ဂျာ ဒုက္ခသည်များ

ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ထဲမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခု ကိုဒေသခံ လူအုပ် တစ်ခုက ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက် ခဲ့လို့ ဒုက္ခသည် တွေ ဒါဇင်နဲ့ ချီပြီး ဒဏ်ရာ ရသွား သလိုအများ အပြားလည်း ဖမ်းဆီး ခံခဲ့ ရပါတယ်။

စနေနေ့ နံနက် ၉ နာရီ ခွဲ ခန့်မှာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ကော့ဇား ခရိုင် အိုးကီးယား မြို့နယ် မှာ တည်ရှိတဲ့ မြန်မာ နိုင်ငံက မူဆလင် ဒုက္ခ သည်တွေ နေထိုင် တဲ့ ကော့တော့ ပလောင် စခန်း ကို ဒေသခံ ရွာသား ၂၀၀ ကျော်ခန့်က ရဲအဖွဲ့ ရဲ့ အကူအညီ နဲ့ ဝင် ရောက် တိုက်ခိုက်ခဲ့ တဲ့ အတွက် လူအများ အပြား ဒဏ်ရာ ရရှိ သွား ပြီး အများအပြား လည်း ဖမ်းဆီးခံ ခဲ့ရပါတယ်။

ဒုက္ခသည် တဦးရဲ့ အပြောအရတော့ ဒဏ်ရာ ရသူ တွေထဲက ၁ ဦး သေဆုံး သွားခဲ့ တယ်လို့ သိရပါတယ်။ ဒါပေမယ့် အတည်ပြု နိုင်ခြင်းတော့ မရှိသေး ပါဘူး။ ပြဿနာ ဖြစ်ပွား ပြီးတဲ့ နောက် ကုလသမဂ္ဂ နဲ့ ရဲ တပ်ဖွဲ့က လူကြီးတွေ စခန်း တွင်းကို လာရောက် ပြီးတော့ အခင်း ဖြစ်ပွား ရာကို စစ်ဆေးခဲ့ တယ်လို့ ဆိုပါတယ်။

ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံက မူဆလင် ဒုက္ခသည် တွေနဲ့ စခန်း အနီး အနား မှာနေတဲ့ ဘင်္ဂါလီ ဒေသခံ တွေ အကြား တဘက်နဲ့ တဘက် တင်းမာ နေတာ ကတော့ ကြာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး စခန်းထဲ ဝင်ရိုက်ပြီး လူတွေ ဒဏ်ရာ ရရှိ သွားတာကတော့ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။