မူဘာရက် မေ့မြောနေတယ် ဆိုတဲ့ သတင်းကို ဆရာဝန်ငြင်း

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတဟောင်း Hosni Mubarak မေ့မြောနေတာ မမှန်လို့ ဆရာဝန်လို့ ပြော

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း မူဘာရက် မေ့မျောနေပြီ ဆိုတဲ့ သူ့ရှေ့နေရဲ့ ပြောဆိုချက်ဟာ မမှန်ဘူးလို့ သူ့ကို ဆေးကုပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။

သူ့အခြေအနေ တည်ငြိမ်လာပါပြီ ၊ သွေးပေါင်ကျ နေတာကြောင့် အနည်းအကျဉ်း ခေါင်းမူးတာ လောက်သာ ရှိတာပါလို့ မစ္စတာမူဘာရက်ရဲ့ ဆရာဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတဟောင်း မူဘာရက်ဟာ ရှေ့လကျရင် အဂတိ လိုက်စားမှု ၊ ဆန္ဒပြသူ တွေကို သတ်ဖြတ်မှု အစရှိတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင် တရား စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

မစ္စတာ မူဘာရက်ရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီ ဆိုတဲ့ သတင်းတွေကို အတိုက်အခံ ထောက်ခံသူ အတော်များများက လက်ခံဘဲ သူ့ကို ရုံးတင် စစ်ဆေးတာ မလုပ်ချင်လို့ စစ်တပ်က အကြောင်းပြတာလို့ စွပ်စွဲ ပြောဆို နေပါတယ်။