မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အမေရိကန် ထပ်မံ သက်တမ်းတိုး

ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် သမ္မတ Obama

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် အမေရိကန် ပြည်ထောင်စုက ၂ဝဝ၃ ခုနှစ်မှာ ပထမဆုံး ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှု တွေကို ထပ်မံ သက်တမ်း တိုးဖို့ အမေရိကန် အောက်လွှတ်တော်က အတည်ပြု လိုက်ကြောင်း အေအက်ဖ်ပီ သတင်း တပုဒ်မှာ ဖော်ပြ ထားပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ အရ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မလုပ်ဖို့ တားမြစ် ထားပြီး ကျောက်မျက်ရတနာ အပါအဝင် သွင်းကုန်တွေကိုလည်း ပိတ်ပင် ထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ အရာရှိတွေကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အမေရိကန် အစိုးရရဲ့ ဥပဒေ ပြဌာန်းချက်တွေ အတိုင်း မြန်မာနိုင်ငံ အပေါ် တိတိကျကျ အရေးယူမှုတွေ လုပ်ဖို့ သမ္မတ အိုဘားမားကို တိုက်တွန်းနေပါတယ်။