ကုလသမဂ္ဂ ပုံကြီးချဲ့နေတယ်လို့ ဆိုမားလီးယားသူပုန် စွပ်စွဲ

Somalia ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆိုမားလီးယား အငတ်ဘေးသင့် ကလေးငယ်

သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေကို နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီတွေ ဝင်ရောက်ခွင့် ပေးခဲ့တယ်ဆိုတာ မမှန်ဘူးလို့ ဆိုမားလီးယား နိုင်ငံ အစ္စလာမ် သူပုန်အဖွဲ့ အယ် လ် ရှားဘတ်ဘ်က ပြောလိုက်ပါတယ်။

တောင်ပိုင်း ဆိုမားလီးယားက မိုးခေါင်ရေရှားပြဿနာကို ကုလသမဂ္ဂက ပုံကြီးချဲ့ ပြောဆိုနေတာသာ ဖြစ်တယ်လို့ အယ်လ် ရှားဘတ် ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဆိုပါတယ်။ အငတ်ဘေးကို နိုင်ငံရေး အတွက် အသုံးချဖို့ အတွက် ပုံကြီးချဲ့ ကြေငြာခဲ့တာလို့လည်း သူက ဆိုပါတယ်။

ငတ်မွတ်မှု ဖြစ်ပွားနေတဲ့ ဘာကူးလ် နဲ့ ရှာဘဲလ် အောက်ပိုင်း နေရာတွေဟာ အယ်လ်ရှာဘတ်ဘ် ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် ရဲ့ ပြောရေးဆိုခွင့် ရှိပုဂ္ဂိုလ်ကတော့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို အဲဒီဒေသတွေဆီ ဝင်ခွင့်ပေးရေးဟာ အသည်းအသန်လိုအပ်ချက်လို့ ဆိုပါတယ်။

လူတွေဟာ သေလုမြောပါး ဖြစ်နေကြပြီမို့ ချက်ချင်းဝင် ခွင့်ပေးဖို့ သိပ်အရေးကြီးပါတယ်လို့ ဆိုသွားပါတယ်။