တရုတ်နိုင်ငံ ရထားတိုက်မှု လူ ၃၅ ဦးသေ

ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးသူတွေအပြင် တခြား လူပေါင်း ၂၀၀ ကျော် လည်း ဒဏ်ရာရှိသွားပါတယ်

တရုတ်နိုင်ငံမှာ အရှိန်မြင့်အမြန်ရထား ၂ စီး တိုက်မိပြီး လူပေါင်း အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ရတာကြောင့် ရှန်ဟိုင်းက မီရထား ထိပ်တန်း အရာရှိသုံးဦးကို အလုပ်က ထုတ်ပစ်လိုက်ပြီး၊ မီးရထား လုပ်ငန်း လုံခြုံ စိတ်ချရရေးအတွက် အစောတလျင် ပြန်လည် မွမ်းမံ ဆောင်ရွက်မှုတွေ လုပ်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်လိုက် ပါတယ်။

အခုအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ အဆိုးဝါး ဆုံးသော ရထားတိုက်မှုကြီး ဖြစ်ပြီး၊ သေဆုံးသူတွေ အပြင် တခြား လူပေါင်း ၂၀၀ ကျော် လည်း ဒဏ်ရာရှိသွားကြပါတယ်။

ဖြစ်ပွားပုံမှာ နိုင်ငံအရှေ့ဘက် ဝမ်ဇူးမြို့အနီး တံတားပေါ်မှာ ရထားတစီးက လျှပ်စစ်မီး ပျက်ပြီး စက်ရပ်သွားချိန်မှာ နောက်တစီးက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ရထားတွဲ တွေလည်း တံတားပေါ်ကနေ အောက်ကို ပြုတ်ကျကုန်ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ရထားတိုက်မှုအပြီးမှာတော့ ရထား အစီး ၅၀ ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။