တတိယမြောက် ထိုင်းရဟတ်ယာဉ် ပျက်ကျ

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်အရာရှိသုံးဦး သေဆုံးသွားခဲ့ပြီး၊ တခြား အရာရှိ တဦးကတော့ ဒဏ်ရာရရှိသွားခဲ့

ထိုင်းနိုင်ငံအနောက်ဘက်ပိုင်း စစ်အခြေ စိုက် စခန်းအနီး ထိုင်းမြန်မာနယ်စပ် သစ်တော တနေမှာ Bell 212 ထိုင်း ရဟတ်ယာဉ်တစီး ဒီကနေ့မနက်က မီးလောင်ပြီး ပျက်ကျသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၈ ရက်က အရင်ပျက်ကျခဲ့တဲ့ ရဟတ် ယာဉ်က အလောင်းတွေကို သယ်ယူဖို့အသွား အခုရဟတ်ယာဉ် ပျက်ကျခဲ့တာ ဖြစ်ပြီး၊ ဒါဟာ ၁ ပတ်ကျော်အတွင်း တတိယမြောက် ပျက်ကျမှု ဖြစ်ပါတယ်။

စက်ချို့ယွင်းပြီး စက်ရပ်သွားရာကနေ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ထိုင်းကြည်းတပ် အကြီး အကဲက ပြောပါတယ်။

ရဟတ်ယာဉ်ပေါ်ပါ စစ်အရာရှိသုံးဦး သေဆုံးသွားခဲ့ပြီး၊ တခြားအရာရှိတဦးကတော့ ဒဏ်ရာရရှိသွားပါတယ်။

ကယ်ဆယ်ရေးတွေနဲ့ အနီးအနားက ရွာသားတွေဟာ ပျက်ကျတဲ့နေရာကို အလျင်အမြန် ရောက်ရှိလာကြပြီး ဒဏ်ရာ ရသူကို ဆေးရုံ အမြန်ပို့လိုက်ပါတယ်။