ဆိုမာလီ အငတ်ဘေးအတွက် အရေးပေါ် ထိပ်သီး အစည်အဝေးလုပ်

Somali Famine

ဓာတ်ပုံ ရင်းမြစ်, BBC World Service

ဓာတ်ပုံ ပုံစာ,

အရေးပေါ် အစားအစာအကူအညီ လိုနေ

ဆိုမာလီနိုင်ငံက အစားအစာ ငတ်မွတ် ခေါင်းပါးမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အီတလီနိုင်ငံ ရောမမြို့မှာ အရေးအပေါ် ထိပ်သီး အစည်းအဝေး ကျင်းပနေ ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း ဆီမာလီ မြို့တော် မိုဂါဒစ်ရှုး၊ နောက်ပြီး ကင်ညာ နဲ့ အီသီယိုပီးယားနိုင်ငံတွေဆီကိုလည်း အစားအစာ တွေကို လေယာဉ်နဲ့ ပို့ပေးဖို့ ရှိတယ်လို့ ပြောပါတယ်။

ငတ်မွတ်မှုဒဏ် ခံနေရသူတွေ အတွက် ကမ္ဘာ့ဘဏ် ကလည်း ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ အကူအညီတွေကို ပေးမယ်လို့ ကြေငြာ လိုက်ပါတယ်။

နောက်ထပ် အကူအညီရှာဖွေရေး ညီလာခံတစ်ခုကို လာမယ့် အင်္ဂါနေ့မှာလည်း ကျင်းပဖို့ ရှိပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အလှူရှင် နိုင်ငံတွေအနေနဲ့ နောက်ထပ် ဒေါ်လာ သန်း ၁၆၀၀ တန်ဖိုးရှိ အကူအညီတွေ ပေးကြဖို့ ဆော်သြ ထားပါတယ်။