အိုလံပစ် ပွဲတော်ကျင်းပဖို့ တနှစ်အလို ကြိုဆိုရေတွက်

Image caption နိုင်ငံတကာ အိုလံပစ် ကော်မတီ Jacques Rogge

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ၂ဝ၁၂ ခုနှစ်ကျရင် ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော် မှာ ပါဝင်ဆင်နွှဲကြဖို့ ကမ္ဘာတလွှားက အားကစား သမား တွေကို တရားဝင် ဖိတ်ကြားတဲ့ အခမ်းအနားကို ကျင်းပခဲ့ရာမှာ နိုင်ငံတကာ အိုလံပစ် ကော်မတီ အကြီးအကဲ Jacques Rogge တက်ရောက်ခဲ့ပါတယ်။

အိုလံပစ် အားကစား ပွဲတော် ကျင်းပဖို့ တနှစ်တိတိ လိုတဲ့နေ့မှာ ဒီအခမ်းအနားကို Trafalgar ရင်ပြင်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ဆန်းသစ်တဲ့ အားကစားနည်း တွေ တီထွင် ဖန်တီးမှု ရှိသလို တရားမျှတတဲ့ တွေးခေါ် ယူဆချက် တွေလည်း ရှိတယ်လို့ မစ္စတာ ရော့ဂါက ဆိုပါတယ်။

ပြင်ဆင်မှုတွေနဲ့ ပတ်သက် ပြီးတော့လည်း ဒီနေ့ဆိုရင် အိုလံပစ် ပန်းခြံထဲမှာ ရေကူးပြိုင်ပွဲတွေ ကျင်းပမယ့် aquatic centre ကိုလည်း ဖွင့်လှစ် နိုင်ခဲ့တာ မြင်တွေ့ရပါပြီလို့ သူက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။