သမ္မတ နစ်ဆင်ရဲ့ ဂျူရီ ထွက်ဆိုချက် ထုတ်ပြန်မယ်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် သမ္မတဟောင်း Richard Nixon

အမေရိကန် ပြည်ထောင်စုမှာ ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့် ၁၉ရ၄ ခုနှစ်တုန်းက ရာထူးက နှုတ်ထွက်ပေးခဲ့ရတဲ့ သမ္မတဟောင်း ရစ်ချက် နစ်ဆင်ရဲ့ တရားရေး ဆိုင်ရာ ထွက်ဆိုချက်ကို ထုတ်ပြန်ဖို့ တရားသူကြီးတယောက်က အမိန့်ထုတ်လိုက်ပါတယ်။

အမေရိကန် သမိုင်းမှာ သမ္မတ ရာထူးက နှုတ်ထွက်ခဲ့သူဟာ မစ္စတာ နစ်ဆင် တယောက်ဘဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်လက် လျှို့ဝှက်ထားဖို့ အလေးသာနေတဲ့ သမိုင်းဝင် ထူးခြားတဲ့ ဒီထွက်ဆိုချက်ဟာ သမ္မတဟောင်း နစ်ဆင် ရာထူးက နှုတ်ထွက်ပြီး လပေါင်းများစွာ အချိန်ယူခဲ့ရတယ်လို့ တရားသူကြီးက ပြောပါတယ်။

အခုလို ထုတ်ပြန်လိုက်တာဟာ ၁၉ရ၂ခုနှစ် တုန်းက ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရဲ့အကွဲအပြဲကို မစ္စတာ နစ်ဆင် ဘယ်လောက်သိသလဲ ဆိုတာ ဖော်ထုတ် ပြသပြီး သူ ဘယ်လောက် ဖုံးကွယ်ခဲ့တယ်ဆိုတဲ့ အတိမ်အနက်ကို ပြသနိုင်မယ်လို့ မျှော်လင့်ရကြောင်း ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။