မိုဂါဒစ်ရှူးမှာ အာဟာရပြတ် ကလေးတွေ သိသိသာသာတိုး

ဓာတ်ပုံ မူပိုင် AP
Image caption ဆိုမာလီ အာဟာရ ချို့တဲ့ နေတဲ့ ကလေး

ဆိုမာလီ နိုင်ငံမှာ al Shabaab အစ္စလာမ် ဝါဒီ အကြမ်းဖက် အဖွဲ့တွေ ထိန်းချုပ်ရာ အငတ်ဘေး ဆိုက်နေတဲ့ နေရာက မိသားစု အလိုက် ထွက်ပြေးလာမှုတွေ ဆက်လက် ဖြစ်ပေါ် နေတာကြောင့် မြို့တော် Mogadishu ကို အာဟာရ ချို့တဲ့ ကလေးတွေ ရောက်ရှိလာမှု သိသိသာသာ တိုးလာကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လအတွင်း မှာတင် ရောက်လာသူ ၃ရ ရာခိုင်နှုန်း တိုးလာတယ်လို့ မိုဂါဒစ်ရှူးက ဘီဘီစီ သတင်းထောက် တယောက်က ပြောပြီး ကယ်ဆယ်ရေး စခန်းတွေမှာ ရှိတဲ့ ရိက္ခာနဲ့ မလုံလောက်တော့ဘူးလို့ အကူအညီပေးနေတဲ့ ဒေသခံ လူမှုကယ်ဆယ်ရေး ဝန်ထမ်းတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကူအညီ တောင်းခံဖို့ အစည်းအဝေး ခေါ်မယ်လို့ အာဖရိက သမဂ္ဂက ကြေညာခဲ့ပေမယ့် ရက်အတိအကျ ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

အဲဒီဒေသမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် လူပေါင်း တစ်သောင်းလောက် သေဆုံးခဲ့ပြီး လူ ဆယ့်နှစ်သန်းလောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။