တရားမဝင်အလုပ်သမား အတွက် လွတ်ငြိမ်းချမ်းသာခွင့်

malaysia migrant
Image caption မလေးရှား ရောက် ရွှေ့ပြောင်း အလုပ်သမား တွေ တရားဝင် နေထိုင်ခွင့် ရ တော့မယ်

မလေးရှား မှာ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား တွေ အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးတဲ့ အစီအစဉ် ကို တနင်္လာနေ့ က စတင်လိုက် ပါတယ်။

နိုင်ငံခြား ကနေ မလေးရှား ကို လာရောက် အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်သမား ပေါင်း ၄ သန်း လောက်ရှိ ပြီး တဝက်လောက် ဖြစ်တဲ့ လူပေါင်း ၂ သန်း က တရားမဝင် နေထိုင် ရ တဲ့ ဘဝ နဲ့ အလုပ် လုပ်ကိုင် နေကြတာပါ။

တရားမဝင် နေထိုင် လုပ်ကိုင် ရတဲ့ အလုပ်သမား တွေ အပေါ် မလေးရှား အာဏာပိုင် တွေ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ သတင်း တွေ လည်း အရင် က အများအပြား ထွက်ပေါ် ခဲ့ ပါ တယ်။

အခု အဲဒီ ရွှေ့ပြောင်း အလုပ်သမား တွေ အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး မလေးရှား မှာ ဆက် နေထိုင် လုပ်ကိုင်လိုရင် တရားဝင် နေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့် ပေး မယ့် အစီ အစဉ် ကို မလေးရှား အစိုးရ က စတင် လိုက်တာ ဖြစ်ပါတယ်။

ဒီ အစီအစဉ် အရ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား တွေဟာ သက်ဆိုင်ရာ ဌာန တွေ ဆီကို သွားပြီး သက်သေခံ အထောက်အထား ပြကာ မှတ်ပုံတင်နိုင်ကြ ပြီ ဖြစ် ပါတယ်။

နိုင်ငံခြား သံရုံး ၁၀ ခု ထက် မနည်း မလေးရှား အစိုးရ က ဆက်သွယ် ထားပြီး ဒီ ကိစ္စ ကို ဘယ်လို ပူးပေါင်း ဆောင်ရွက် ကြမလဲ ဆိုတာ ညှိနှိုင်း ထားကြ ပါတယ်။

နေထိုင်ခွင့် ကျော်လွန်နေတဲ့ ပတ်စပို့ တွေ ကိုင်ဆောင်ထားသူ တွေ အနေနဲ့ သက်ဆိုင်ရာ သံရုံး နဲ့ မလေးရှား က သက်ဆိုင်ရာ ဌာန တွေဆီ သွားပြီး တရားဝင် နေထိုင်သူ ဖြစ်သွား အောင် စာရင်းသွင်း နိုင်ပါတယ်။

မြန်မာနိုင်ငံ က မလေးရှားမှာ တရားမဝင် နေထိုင် လုပ်ကိုင် နေကြ သူတွေ အရေအတွက် သိန်း နဲ့ ချီ ရှိ ပြီး အများစု က ပတ်စပို့ ရှိသူ တွေ မဟုတ် ကြပါဘူး။

မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး က အဲဒီ မြန်မာ တွေ ကို မှတ်ပုံတင် မိတ္တူ၊ သန်းခေါင် စာရင်း မိတ္တူ၊ ရဲစခန်း ထောက်ခံစာ မိတ္တူ ယူလာခဲ့ရင် ပတ်စပို့ လုပ်ပေး မယ် လို့ ကြေညာ ထားပေမယ့် လည်း မြန်မာပြည် မှာ နေကတည်း က မှတ်ပုံတင် မရှိ သူတွေ လည်း အများ အပြား ရှိ နေကြ တာမို့ အဲဒီ သူတွေ က အခက် အခဲ တွေ ရှိ နေ တယ် လို့ ဘီဘီစီ ကို ပြော ပါတယ်။