တောင်ပိုင်းဆူဒန်က ရေနံတင် သင်္ဘောကို မြောက်ပိုင်းက သွားခွင့်မပေး

ဓာတ်ပုံ မူပိုင် wikipidia
Image caption ဆူဒန်မြေပုံ

မကြာသေးခင်ကမှ လွတ်လပ်ရေး ရခဲ့တဲ့ တောင်ပိုင်းဆူဒန်က ရေနံတင် သဘောတစင်းကို အကောက်ခွန် ပေးဖို့ ပျက်ကွက်တယ်လို့ အာဏာပိုင်တွေက စွပ်စွဲပြီး သွားခွင့်မပေးဘဲ မြောက်ပိုင်း ဆူဒန် အစိုးရက ပိတ်ထားခဲ့ပါတယ်။

ရေနံစည် ခြောက်သိန်း တင်ဆောင်လာတဲ့ အဲဒီ သင်္ဘောကို မြောက်ပိုင်းက ဆူဒန် ဆိပ်ကမ်းမှာ ထားတယ်လို့ မြောက်ပိုင်းဆူဒန်က နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

တောင်ပိုင်းဆူဒန်ဟာ ရေနံချက်စက်ရုံနဲ့ ဆိပ်ကမ်း မရှိတာကြောင့် ပြည်ပကို ရေနံတင်ပို့ ရာမှာ မြောက်ပိုင်းကနေ တဆင့် လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကတည်းက တောင်ပိုင်းဆူဒန် တရားဝင် လွတ်လပ်ရေး ရသွားခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာတာ ဖြစ်ပါတယ်။