လူမှုစားရိတ်အတွက် အစ္စရေးမှာ ဆန္ဒပြ

israel ဓာတ်ပုံ မူပိုင် na
Image caption ဆန္ဒပြ နေကြသူများ

အစ္စရေး နိုင်ငံက တဲလ် အဗီး မြို့မှာ နိုင်ငံ အတွင်းမှာ လူနေမှု စားရိတ် တွေ ထိုးတက် လာတာ ကို မကျေနပ်ကြတဲ့ အစ္စရေး လူမျိုး ၂ သိန်းကျော် လောက် ချီတက် ဆန္ဒပြခဲ့ ကြ ပါတယ်။

ဆန္ဒပြသူတွေက အကျိုးအမြတ် ရဖို့ထက် ပြည်သူလူထုကို ဦးစား ပေးဖို့ ကြွေးကြော် တောင်းဆို ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ တတိယ အကြိမ်အဖြစ် စနေနေ့ မှာ ချီတက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပြီး ဒီတကြိမ် ဟာ အများ ဆုံး ဖြစ်တယ်လို့လဲ ဆိုပါတယ်။ ပြီးခဲ့တဲ့ တပတ် ကတော့ လူပေါင်း ၁ သိန်းခွဲ လောက် ဆန္ဒပြခဲ့ ကြပါတယ်။

ဂျေရုဆလင် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ကတော့ အစ္စရေး နိုင်ငံမှာ အိမ်မြေဈေးနဲ့ စားသောက်ကုန် တွေ ဈေးတွေ တက် လာတဲ့ အတွက် အစ္စရေး လူမျိုးတွေ မှာ အခက် အခဲနဲ့ ကြုံနေ ရတယ်လို့ ဆိုပါတယ်။