ဆီးရီးယားမှာ ဆန္ဒပြနှိမ်နင်းမှုတွေ ဆက်လုပ်နေ

Syria ဓာတ်ပုံ မူပိုင် no
Image caption ဆန္ဒပြမှုတွေ နိုင်ငံအနှံ့ဖြစ်နေ

ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း က ဒေ အယ်လ် ဇော မြို့ကို အစိုးရ တပ်တွေက ဒုတိယနေ့ အဖြစ် ဗုံးကြဲ တိုက်ခိုက် နေပါတယ်။

တနင်္လာနေ့ မနက် စောစော ပိုင်းမှာ ပေါက်ကွဲ မှုတွေ ဖြစ်ခဲ့တယ်၊ ဒေသခံ တွေလည်း ဖမ်းဆီး ခံခဲ့ရ တယ်လို့ တက်ကြွ လှုပ်ရှား သူတွေနဲ့ မြို့ခံ တွေက ပြောပါတယ်။

အစိုးရ ဘက်ကတော့ သူတို့ဟာ လက်နက်ကိုင် ဂိုဏ်း အဖွဲ့သားတွေ ကာရံ ထားတဲ့ သံစူးကြိုး အကာ အရံ တွေကို ရှင်းလင်း နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယားမှာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို နေတဲ့ လူထု အုံကြွမှု တွေဟာ နိုင်ငံ အနှံ့ ဖြစ်ပွား နေပါတယ်။

ဆော်ဒီက ဆီးရီးယားမှာ ရှိတဲ့ သံအမတ်ကို ပြန်ခေါ်

ဆီးရီးယားမှာ ဆန္ဒပြသူ တွေကို အစိုးရ တပ်တွေက ပစ်ခတ် မှုတွေ အရှိန်မြင့် လာချိန်မှာ ဆော်ဒီ အာရေဗျ က သူ့ သံအမတ်ကို ဆီးရီးယား ကနေ ပြန်ခေါ်လိုက်ပါတယ်၊

ဆော်ဒီ ဘုရင်က မနေ့တုန်းက သူတို့ပိုင် အယ်အာရေးဗီးယား ရုပ်သံက တဆင့် ဆီးရီးယားမှာ ဖြစ်နေ တာတွေက လက်ခံ နိုင်စရာ မရှိတဲ့ အကြောင်း၊ ဆီးရီးယား အစိုးရ အနေနဲ့ အကြမ်းဖက်မှု တွေရပ်ပြီး ပြုပြင် ပြောင်းလဲ ရေးတွေ မလုပ်ရင် ပျက်စီးတဲ့ လမ်းကြောင်းပေါ် ရောက်သွား တော့မယ် လို့လဲ သတိပေး လိုက်ပါတယ်။

တခါ ဆီးရီးယားရဲ့ အိမ်နီးချင်း ဒေသတွင်းမှာ နောက်ထပ် သြဇာ ကောင်းတဲ့ တူရကီ ကလဲ ဖိအားတွေ တိုးပြီး ပေးလာ နေပြီး အင်္ဂါနေ့မှာ သူ့ နိုင်ငံခြားရေးဝန်ကြီးကို ဒမတ်စကပ်ကို လွှတ်ပြီး သမ္မတ အာဆတ်နဲ့ ဆွေးနွေး ခိုင်းထား ပါတယ်။

ဆီးရီးယား ပြည်တွင်း မတည်ငြိမ်တဲ့ အခြေအနေ တွေက ပတ်ဝန်းကျင် က တူရကီတို့ လက်ဘနွန်တို့ အပေါ်လည်း ရိုက်ခတ် မှုတွေ ရှိလာ နိုင်တာမို့ ငြိမ်နေတဲ့ အာရပ် ခေါင်းဆောင်တွေ အပေါ်မှာ အမေရိကန် ဖက်က တိုးပြီး တိုက်တွန်းမှုတွေ ရှိလာနေ ပါတယ်။