အတိုးနှုန်း လက်ရှိအတိုင်း အမေရိကန် ဆက်ထိန်းထားမယ်

ဓာတ်ပုံ မူပိုင် AP
Image caption ဗဟိုဘဏ် ဥက္ကဌ ဘန်ဘနန်ကီး

အမေရိကန် ပြည်ထောင်စုမှာ လက်ရှိ ဘဏ်အတိုးနှုန်း သုံညနီးပါး ချထားတဲ့အတိုင်း အနည်းဆုံး နောက်နှစ်နှစ်လောက် ဆက်ထား သွားမယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။

ဒါဟာ ပြည်တွင်းမှာ ဝယ်လိုအားတွေ တက်လာပြီး ငွေကြေးစျေးကွက် ငြိမ်သွားစေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါဟာ ဗဟိုဘဏ် ကနေ အတိုးနှုန်းကို သတ်မှတ်ကာလအတွင်း ဆက်ပြီး အရမ်းနှိမ့်ထားဖို့ ပထမဆုံး အနေနဲ့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် စီးပွားရေး တိုးတက်မှုဟာ ထင်ထားတာထက် သိသိသာသာ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။

New York မြို့မှာ အစုရှယ်ယာ စျေးတွေဟာ သီတင်းတပတ်ကြာ ထိုးကျခဲ့ပြီးတဲ့နောက် မနေ့က စျေးပိတ်ချိန်မှာ တနေ့ကထက် ၄ ရာခိုင်နှုန်းလောက် တက်သွားခဲ့ပါတယ်။