အင်အားသုံး ဆက်လက်နှိမ်နင်းမယ်လို့ သမ္မတ အာဆက်ပြော

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တူရကီ နိုင်ငံခြားရေးဝန်ကြီးကို Bashar al-Assad လက်ခံတွေ့ဆုံ

ဆီးရီးယား သမ္မတ Bashar al-Assad က သူ့အဆိုအရ အကြမ်းဖက်သမားတွေကို လိုက်လံ သုတ်သင် ရှင်းလင်းဖို့ နှောင့်နှေးလက်တွန့်နေမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

သမ္မတ အာဆက်ဒ် အနေနဲ့ အရပ်သားတွေ ဆန္ဒပြသူတွေကို စစ်တပ်အင်အားသုံး ဖြေရှင်းတာ ရပ်ဖို့ တောင်းဆိုခဲ့တဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး Ahmet Davutoglu နဲ့ ခြောက်နာရီ ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယား တပ်ဖွဲ့တွေရဲ့ ကိုင်တွယ်ပုံ နည်းလမ်းတွေက လက်ခံနိုင်စရာ မရှိဘဲ အစိုးရ အနေနဲ့ သွေးထွက်သံယိုမှုတွေကို ရပ်တန့်ပစ်ရမယ်လို့ Mr Davutoglu က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

တူရကီ နယ်စပ်နားက ဆီးရီးယား မြို့တမြို့ဖြစ်တဲ့ Binnish ကို တင့်ကားတွေနဲ့ ဆီးရီးယား တပ်တွေ အလုံးအရင်းနဲ့ ဝင်စီးနင်းခဲ့တာ ဖြစ်ပါတယ်။