အိုင်ဗရီကို့စ် သမ္မတဟောင်းကို စီးပွားရေးပြစ်မှုတွေနဲ့ တရားစွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption အိုင်ဗရီကို့စ် သမ္မတဟောင်း လောရင့် ဘက်ဘို

အိုင်ဗရီကို့စ်နိုင်ငံမှာ သမ္မတဟောင်း လောရင့် ဘက်ဘို Laurent Gbagbo နဲ့ ဇနီးသည် ဆမုံး Simone တို့ကို ခိုးမှု ၊ လုယက်မှု၊ ပြည်သူပိုင်ငွေကို အလွဲသုံးစားမှု အပါအဝင် စီးပွားရေး ပြစ်မှု စွဲချက်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

မစ္စတာ Gbagbo ဟာ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို လက်မခံဘဲ ငြင်းဆန်နေခဲ့တာကြောင့် သူကို ရာထူးကနေ ဖယ်ရှားခဲ့ပြီး သူနဲ့ ဇနီးကို ဧပြီလကတည်းက အကျယ်ချုပ်ချထားခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်းကို စီးပွားရေးဆိုင်ရာရာဇဝတ်မှုတွေနဲ့ သာ တရားစွဲဆိုတာဖြစ်ပေမဲ့ ရွေးကောက်ပွဲနောက်ပိုင်း အကြမ်းဖက်တွေလုပ်ခဲ့တယ်ဆိုတဲ့ ပိုပြီး ပြင်းထန်တဲ့ စွဲချက်တွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ တင်နိုင်ရေး စုံစမ်းမှုတွေလုပ်ဖို့ လမ်းပွင့်စေခဲ့တယ်လို့ Abidjan မှာရှိတဲ့ ဘီဘီစိ သတင်းထောက်က ပြောပါတယ်။