ပါကစ္စတန် ကရာချိမြို့က ပစ်ခတ်မှု လူ၁၃ယောက် သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး ချထားတဲ့ ကရာချိမြို့ အခြေအနေ

ပါကစ္စတန် နိုင်ငံ တောင်ပိုင်း ကရာချိမြို့မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ၁၃ယောက် သေဆုံးသွားခဲ့ပြီး အဲဒီ အထဲမှာ အာဏာရ ပီပီပီ ပါတီရဲ့ ထိပ်တန်း အရာရှိ Waja Karim Dad ပါဝင် ပါတယ်။

သူဟာ မွတ်ဆလင် တွေရဲ့ ရာမာဒန် ဥပုသ်ထွက်ချိန် လမ်းဘေး ကော်ဖီဆိုင်မှာ စားသောက်နေတုန်း မော်တော်ဆိုင်ကယ်ပေါ် ကနေ သေနတ် သမားတွေက ဒလကြမ်း ပစ်ခတ်သွားခဲ့တာ ဖြစ်ပြီး အဲဒီနောက် အနီးက ကော်ဖီဆိုင်ကိုလည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကရာချိမြို့မှာ အာဏာရ PPP ပါတီနဲ့ ဒေသတွင်းမှာ အင်အားကြီးတဲ့ MQM ပါတီတို့ကြား သဘောကွဲလွဲမှုတွေကို ညှိနှိုင်းဖို့ ကြိုးစားနေချိန်မှာ အခုလို အကြမ်းဖက်မှု တွေကြောင့် ဇူလိုင်လဆန်း ကတည်းက ဆိုရင် သေဆုံးသူ ၃ဝဝ လောက် ရှိပြီ ဖြစ်ပါတယ်။