အစ္စရေး ဗုံးကြဲလို့ ပါလက်စတိုင်း ၁၅ယောက် သေဆုံး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစ္စရေး ဗုံးကြဲဒဏ် ခံရလို့ ပျက်သွားတဲ့ အဆောက်အဦ

ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အာရပ်အဖွဲ့ချုပ်က အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ဒီလုပ်ရပ်ကို ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အနေနဲ့ ဒီလို လေကြောင်းက တိုက်ခိုက်မှုတွေ အဆုံးသတ်သွားအောင် ဆောင်ရွက်ပေးဖို့ ပန်ကြားလိုက်ပါတယ်။

အစ္စရေး နိုင်ငံတောင်ပိုင်းမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူရှစ်ယောက် သေဆုံးခဲ့ရ ပြီးတဲ့နောက် ဂါဇာမှာ အစ္စရေးရဲ့ ဗုံးကြဲမှုကြောင့် အနည်းဆုံး လူ၁၅ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဂါဇာ ဖက်ကနေ အစ္စရေး တောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ် လို့လည်း သိရပါတယ်။

အစ္စရေးဖက်က ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်ဖို့ ဂျော်ဒန်နိုင်ငံက တိုက်တွန်းလိုက်ပြီး ဒါတွေက ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် နေတယ်လို့ သတိပေးလိုက်ပါတယ်။