IMF အကြီးအကဲဟောင်း လွတ်ပြီ

DSK ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုင်အမ်အက်ဖ အကြီး အကဲဟောင်း လွတ်လာပြီ။

အိုင်အမ်အက်ဖ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ အကြီးအကဲဟောင်း ဒေါမနစ် စထရာက်စ ခမ်းကို ဟိုတယ် ဝန်ထမ်း အမျိုးသမီးက စွဲဆိုထားတဲ့ စွဲဆိုချက် အားလုံးကို နယူးယောက်မြို့ တရားရုံးက ပယ်ချ လိုက်ပါတယ်။

ဟိုတယ် ဝန်ထမ်း အမျိုးသမီးနဲ့ သူနဲ့ တွေ့ဆုံ ရာမှာ နှစ်ဦးစလုံး သဘောပြီးမှ တွေ့တယ်လို့ ဆိုတဲ့ ဒီအက်စကေရဲ့ ထွက်ဆို ချက်ကို မှားတယ်လို့ သက်သေ မပြနိုင်ကြောင်း နယူးယောက် ခရိုင် ရှေ့နေက ပြောပါတယ်။

တရားရုံးက စွဲဆိုချက်တွေ အားလုံးကို ပယ်ချ လိုက်ပြီးနောက် တရားလို ဟိုတယ် ဝန်ထမ်း အမျိုးသမီးရဲ့ ရှေ့နေတွေက နောက်တကြိမ် တရားစွဲဖို့ ရှေ့နေအသစ် ခန့်အပ်ပေးဖို့ အယူခံ ဝင်မှုကိုလည်း တရားရုံးက ချက်ချင်းပဲ ပယ်ချ ခဲ့ပါတယ်။

အဲဒိအတွက် မစ္စတာ စထရောက်စခမ်းဟာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဖြစ်ပါတယ်။

တရားရုံး အပြင်မှာတော့ လူတစုက သူ့ကို လှောင်ပြောင် အော်ဟစ် ဆန္ဒပြခဲ့ပါတယ်။