လူသုံးကုန် လိုအပ်ချက်တွေ ဖြေရှင်းမယ်

tripoli ဓာတ်ပုံ မူပိုင် AP
Image caption ထရစ်ပိုလီမြို့တွင်း က သူပုန်များ

လစ်ဗျား နိုင်ငံရဲ့ သူပုန် ခေါင်းဆောင် တွေ က ထရစ်ပိုလီ မြို့တော် အတွင်း အခြေခံ လူသုံးကုန် လိုအပ် ချက် တွေ ကို ဖြေရှင်း နိုင်ဖို့ အတွက် အစီအမံ တွေကို ထုတ်ပြန် လိုက် ပါတယ်။

သူ တို့တွေ ဘက်က လိုအပ်နေတဲ့ လောင်စာဆီ၊ သောက်သုံး ရေနဲ့ ဆေးဝါးပစ္စည်း တွေကို လဲ ဖြန့်ဝေပေး သွားမှာ ဖြစ်တယ်လို့ လဲ ဆိုလိုက် ကြ ပါတယ်။

ဒါပေမယ့် နေချင်းညချင်း ပြေလည် သွားတာ မျိုးဖြစ် လာ လိမ့်မယ် လို့ တော့ မမျှော်လင့်ကြ ဖို့ကို လဲ သတိ ပေးလိုက် ပါတယ်။

ထရစ်ပိုလီ မြို့တော်ရဲ့ တောင်ဘက်က အဖြစ်လုပ်ထား တဲ့ အကျဉ်းထောင်တခုထဲ မှာလဲ မီးလောင်ကျွမ်း ထားတဲ့ အရိုးစုပေါင်း ၅၀ ကျော်လောက် ကို တွေ့ရှိ ခဲ့ရကြောင်း ပြင်သစ် သတင်းဌာန AFP က သတင်းပေးပို့ ထားပါတယ်။

အဲဒီက ဒေသခံ တွေ ကတော့ ဒီ အရိုးတွေဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်တွေ ဆုတ်ခွာ ခဲ့ကြစဉ်အတွင်း အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရတဲ့ အကျဉ်းသား တွေ ဖြစ်တယ်လို့ ဆိုပါတယ်။