စင်ကာပူ သမ္မတရွေးကောက်ပွဲ ကျင်းပ

ဓာတ်ပုံ မူပိုင် AP
Image caption ဒုဝန်ကြီးချုပ်ဟောင်း တိုနီတန်လည်း သမ္မတ အဖြစ် ဝင်အရွေးခံပါတယ်

စင်ကာပူနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မဲပေးနေကြပြီဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ နီပါးအတွင်း ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ ဒီရွေးကောက်ပွဲဟာ လက်ရှိအာဏာရ People's Action Party PAP အပေါ် ထောက်ခံ မှု ဘယ်လောက်ရှိ မရှိဆိုတာကို စမ်းသပ်တဲ့ပွဲ အဖြစ်တွေ့ မြင်ရပါတယ်။

PAP ပါတီဟာ စင်ကာပူနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာတာ ဖြစ်ပါတယ်။

ဒီသမ္မတ ရွေးကောက်ပွဲမှာ ထူးထူးခြားခြား Tan ဆိုတဲ့ မိသားစုနာမည် ပါတဲ့ ပုဂ္ဂိုလ် ၄ ဦး ဝင်ယောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်က ရွေးကောက်ခံ သမ္မတတွေရဲ့ လစာထဲမှာ စင်ကာပူ သမ္မတရဲ့ လစာဟာ အမြင့်ဆုံး ဖြစ်ပါတယ်။