ရက်နည်းနည်းဘဲ အသက်ရှင်မယ် ဆိုပြီး ပြန်လွှတ်လိုက်သူကို ထရစ်ပိုလီမှာတွေ့

Image caption Abdel Basset al-Megrahi အသက်ရှင်လျက် ရှိသေး

စကော့တလန်က လော့ခါဘီမြို့ပေါ်မှာ အမေရိကန် ခရီးသည်တင် လေယာဉ် တစင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ လစ်ဗျား နိုင်ငံသား Abdel Basset al-Megrahi ကို ထရစ်ပိုလီက သူ့နေအိမ်မှာ တွေ့ကြောင်း အမေရိကန် ရုပ်မြင်သံကြား CNN က ပြောပါတယ်။

ကင်ဆာ ရောဂါ ခံစားနေရတဲ့ မစ္စတာ မက်ဂရာဟီကို အကြောအားဆေးသွင်းပိုက် အောက်စီဂျင် ပိုက်တွေ တန်းလန်းနဲ့ ပုံကို CNN မှာ ပြသခဲ့ပါတယ်။

သူဟာ အစာလည်း မဝင်တော့ဘူး ၊ တခါတရံ သတိမေ့မျော နေတယ်လို့ သူ့ဆွေမျိုး မိသားစုက စီအန်အန်ကို ပြောပြခဲ့ပါတယ်။

သူ့ကို စကော့တလန်မှာ ဖမ်းထားရာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး အဲဒီတုန်းကတော့ သူဟာ လူအနည်းဘဲ အသက်ရှင်မယ်လို့ ဆရာဝန်က ပြောခဲ့တာပါ။

သူ့ကို ပြန်လွှတ်ပေးခဲ့တဲ့ အပေါ် ဗြိတိန်နဲ့အ မေရိကန်က အလွန်အမင်း ဒေါသထွက် ခဲ့ကြပါတယ်။