Irene မုန်တိုင်းကြောင့် သေဆုံးသူ တိုးလာနေ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သေဆုံးသူတွေထဲမှာ သစ်ပင်ပိလို့ သေဆုံးသူ အများအပြားပါ

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းက ဒေသ တချို့မှာ Irene အပူပိုင်း မုန်တိုင်း တိုက်ခတ်ခဲ့ အပြီး ရေကြီး ရေလျှံမှု တွေနဲ့ ရင်ဆိုင်နေရ ပါတယ်။

မုန်တိုင်းအတွင်း လူ ၃၈ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၃ရက်လောက် ရေကြီးမှုတွေ ဆက်ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Vermont မြို့နဲ့ New York မြို့ အထက်ပိုင်းမှာ ရေတွေလျှံပြီး တံတားတွေ ရေထဲ မျောပါသွား သလို အိမ်အတော်များများလည်း ရေတွေ မြုပ်ကုန်ပါတယ်။

နေအိမ်တွေ၊ စီးပွားရေး လုပ်ငန်း ဆိုင်တွေ ၇သန်း ကျော်လောက်လည်း လျှပ်စစ်မီးတွေ ပြတ်တောက်သွားပြီး လျှပ်စစ်မီးတွေ ပြန်ရဖို့ နောက်ထပ် သီတင်း တစ်ပတ်လောက် ကြာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေကို အစိုးရက အပြည့်အဝ အားပေး ကူညီ သွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။