ဆီးရီးယား အစိုးရကို အမေရိကန် ထပ်မံ အရေးယူ ပိတ်ဆို့

Image caption Eid နေ့မှာ ဆီးရီးယားက ဆန္ဒပြသူတွေ

ဆီးရီးယား နိုင်ငံက ထိပ်ပိုင်း အစိုးရ အရာရှိ သုံးယောက်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှု ထပ်မံ လုပ်ဆောင်လိုက်ပြီး သူတို့ အဆိုအရ သမ္မတ Bashar al Assad ရဲ့ အနီးကပ် ပုဂ္ဂိုလ် လက်ရုံးတွေကို ထပ်ပြီး ဖိအားပေးတဲ့ အနေနဲ့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မွတ်ဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်ရာသီ ထွက်ချိန်မှာ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့က ဆန္ဒပြ အရပ်သားတွေကို ပစ်ခတ် နှိမ်နင်းခဲ့လို့ အနည်းဆုံး လူရယောက် သေဆုံးခဲ့ရ ပြီးတဲ့နောက် အခုလို အမေရိကန်ရဲ့ အရေးယူမှု ထွက်ပေါ်လာတာပါ။

နိုင်ငံခြားရေး ဝန်ကြီး Walid Moallem နဲ့ တခြား အရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ထိန်းချုပ်လိုက်တာ ဖြစ်ပြီး အဲဒီ အထဲမှာ အမေရိကန် အဆိုအရ ဆီးရီးယား အစိုးရရဲ့ ပြောခွင့်ရသူလည်းဖြစ် ၊ သမ္မတရဲ့ ထင်ရှားတဲ့ အကြံပေးလည်း ဖြစ်တဲ့ တယောက်တည်းသော အမျိုးသမီး Buthaina Shaaban လည်း ပါဝင်ပါတယ်။

ဒါဟာ သမ္မတ အာဆက်ဒ် အပါအဝင် အဆင့်မြင့် အရာရှိတွေကို အမေရိကန်က တတိယ အကြိမ်မြောက် အရေးယူ ပိတ်ဆို့တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။