တည်ငြိမ် အေးချမ်းဖို့ ကင်ညာ ဝန်ကြီးချုပ် လူထုကို ပန်ကြား

Image caption ဝန်ကြီးချုပ် Raila Odinga

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က ဆင်းရဲသား ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁ဝဝကျော် သေဆုံးသွားတာကြောင့် ဒေသခံတွေ အနေနဲ့ အကြမ်းမဖက် ကြဖို့ ဝန်ကြီးချုပ် Raila Odinga က ပန်ကြားထားပါတယ်။

ရေနံပိုက်လိုင်း ယိုစိမ့်မှုကနေ မီးလောင်ခဲ့လို့ အသက်ဆုံးရှုံး သွားရသူ မိသားစုတွေ အတွက် အစိုးရက နစ်နာကြေး ပေးမယ်လို့ မစ္စတာ အိုဒင်ဂါးက ကတိပေးခဲ့ပါတယ်။

ဒေသခံတွေဟာ မီးလောင်ချိန်မှာ ရေနံပိုက်လိုင်း ပေါက်နေတဲ့ နေရာကနေ ရေနံတွေ ထုတ်ယူခဲ့တယ်လို့ သတင်းရရှိပါတယ်။

မီးလောင်မှုကြောင့် လူပေါင်း ၁၆ဝလောက် ဆေးရုံတင်ထားရပါတယ်။