အမေရိကန်နှစ်ဦးကို အီရန် လွှတ်ပေးမယ်

us spy
Image caption အမေရိကန် သူလျှို အဖြစ် စွပ်စွဲခံရသူနှစ်ဦး

ပြီးခဲ့တဲ့ လတုန်းက အီရန်နိုင်ငံအပေါ် သူလျှိုလုပ်မှု နဲ့ ဖမ်းဆီးထားတဲ့ အမေရိကန်နှစ်ယောက်ကို အာမခံနဲ့လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ အီရန် တရားသူကြီး တယောက်က ဘီဘီစီကို ပြောပါတယ်။

အာမခံငွေအဖြစ်နဲ့ ဒေါ်လာငါးသိန်းသတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံသား နှစ်ယောက်ဖြစ်တဲ့ ရှိန်းန် ဘောဝါး နဲ့ ဂျိုရှူဝါး ဖက်တယ်လ် တို့ကို နှစ်ရက်အတွင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးမယ်လို့ အီရန်သမ္မတ မာမွတ် အာမက်ဒီနဂျက်ကလည်း အမေရိကန်သတင်းဌာန NBC ကို ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားနှစ်ယောက်ကတော့ တောင်တက်ရင်းနဲ့ အီရန်နယ်နမိတ်ကို မှားယွင်း ဖြတ်ကျော်မိတာသာဖြစ်တယ်လို့ ပြောကြပါတယ်။ သူတို့ကို ထောင်ဒဏ် ရှစ်နှစ် ပြစ်ဒဏ် ချမှတ်ထားခဲ့တာဖြစ်ပါတယ်။