သက်ဆင်ရှင်နာဝပ် ကမ္ဘောဒီးယား ရောက်ရှိ

ဓာတ်ပုံ မူပိုင် AP
Image caption ဝန်ကြီးချုပ် ဟူဆန်ကတော့ မစ္စတာသက်ဆင် ကို ဖက်လဲတကင်း ကြိုဆိုခဲ့

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ကမ္ဘောဒီးယားနိုင်ငံကို အလည်အပတ် ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး လက်ရှိ ဝန်ကြီးချုပ်ဖြစ်လာသူ သူ့ရဲ့ညီမ ယင်လက်၊ ကမ္ဘောဒီးယားကို အလည်အပတ် သွားရောက် ခဲ့ပြီး၊ နောက် ၂ ရက် အကြာမှာပဲ မစ္စတာ သက်ဆင် အဲဒီကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ မစ္စတာ သက်ဆင်ဟာ အဂတိလိုက်စားမှု အတွက် ထောင်ဒဏ် မကျခံရ အောင် ပြည်ပမှာ နေထိုင်ခဲ့တာ ဖြစ်ပါ တယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟူဆန်ကတော့ မစ္စတာသက်ဆင်ကို ဖက်လဲတကင်း ကြိုဆိုခဲ့ ပါတယ်။

ထိုင်းနိုင်ငံရဲ့ အရင်အစိုးရလက်ထက်တုန်းက ကမ္ဘောဒီးယားအနေနဲ့ မစ္စတာ သက်ဆင်ကို နိုင်ငံစီးပွားရေး အကြံပေးအဖြစ် ခန့်အပ်ခဲ့တဲ့အတွက် အဲဒီတုန်းက ၂ နိုင်ငံ သံတမန် ဆက်ဆံရေးဟာ အချိန်အတိုင်းအတာ တခုအထိ ပြတ်တောက်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းကလည်း ၂ နိုင်ငံ နယ်ခြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး၊ အခုတော့ ၂ နိုင်ငံ စလုံးက ငြိမ်းချမ်းရေး ပြန်တည်ဆောက်ဖို့ ဆန္ဒရှိနေကြတယ်လို့ ပြောပါတယ်။