ဘင်္ဂလားဒေ့ရှ်မှာ US ရေတပ် စစ်ရေးလေ့ကျင့်

US
Image caption အမေရိကန် ရေတပ်သင်္ဘောတစ်စီး

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာအနီး ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန် ရေတပ်တို့ဟာ မနေ့စပြီး ၈ ရက်ကြာ စစ်ရေး လေ့ကျင့်မှု လုပ်နေပါ တယ်။

အမေရိကန် နိုင်ငံဟာ ဒီဒေသတွင်းက နိုင်ငံတချို့နဲ့ CARAT လို့ခေါ်တဲ့ စစ်ရေး လေ့ကျင့်မှု လုပ်နေတာ နှစ်အတော်ကြာ ကတည်းက ဖြစ်ပေမယ့် အခု ဘင်္ဂလားဒေ့ရှ်နဲ့ လုပ်တာကတော့ ပထမဆုံးအကြိမ်လို့ သိရပါတယ်။

အမေရိကန်ဘက်က ရေတပ်သင်္ဘော လေးစီးနဲ့ စစ်သား ၅၀၀ ပါဝင်ပြီး စစ်ရေး လေ့ကျင့်စဉ်မှာ ပင်လယ်ပြင်အတွင်း ပူးတွဲ တိုက်ခိုက်ရေး၊ ပင်လယ်ဓားပြနဲ့ မှောင်ခိုကူးမှု နှိမ်နင်းရေး၊ သတင်း အချက်အလက် ဖလှယ်ရေး အစီအစဉ်တွေ ပါဝင်ပါတယ်။