တိုက်ခိုက်မှုကြောင့် အာဖဂန် သမ္မတ ဟောင်း သေဆုံး

အာဖဂန် နစ္စတန် နိုင်ငံ ကာဘူးလ် မြို့တော်က သံတမန် ရပ်ကွက် အတွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် အာဖဂန် သမ္မတဟောင်း ဘာဟန်နူဒင် ရာဘာနီ သေဆုံး သွားခဲ့ပါတယ်။

Image caption တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့သူ သမ္မတဟောင်း

သမ္မတဟောင်း ရာဘာနီက လက်ရှိ အာဖဂန် ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဌ အဖြစ် တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။

ခေါင်းပေါင်းထဲမှာ ထည့်ယူလာတဲ့ ဗုံးကို အသေခံ ဗုံးခွဲသမားက မစ္စတာ ရာဘာနီရဲ့ နေအိမ်မှာဘဲ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ အတွက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှု ဖြစ်ခဲ့စဉ် မစ္စတာ ရာဘာနီက တာလီဘန် အဖွဲ့ဝင် နှစ်ယောက်နဲ့ ဆွေးနွေး နေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် လူ ငါးယောက်လည်း သေဆုံးခဲ့ ပါတယ်။

အာဖဂန် ငြိမ်းချမ်းရေး ကောင်စီဟာ တာလီဘန်တို့နဲ့ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးဖို့ ဦးဆောင် ကြိုးပမ်း နေတာ ဖြစ်ပါတယ်။