ပါကစ္စတန် ကနေ တရုတ်ပြည်ကို ပိုလီယို ရောဂါကူး

ဓာတ်ပုံ မူပိုင် AFP
Image caption ပိုလီယိုဆေး တိုက်ကျွေး

ပါကစ္စတန် ကနေ တရုတ်နိုင်ငံကို ပိုလီယို ရောဂါပိုး ပြန့်နှံ့ခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။

တကယ်တော့ တရုတ်နိုင်ငံဟာ ဆယ်နှစ်ကျော်ကြာ ပိုလီယို ကင်းစင်ခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်မှာ ဖြစ်နေတဲ့ ပိုလီယို WPV1 အမျိုးအစားနဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဆင်ဂျန်း ဒေသက လူ ရယောက်မှာ ဖြစ်ပွားနေတဲ့ ရောဂါ အမျိုးအစား ကြားမှာ မျိုးဗီဇ ဆိုင်ရာ ဆက်စပ်မှုတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီက ပြောပါတယ်။

ဒါ့အပြင် မက္ကာက မွတ်ဆလင် ဘုရားဖူး ရာသီ အတွင်းမှာ ဒီရောဂါပိုး ပြန့်နှံ့နိုင်တဲ့ အန္တရယ် အကြီးအကျယ် ရှိကြောင်း သတိပေးထားပါတယ်။

ပိုလီယို ရောဂါဟာ ၁၉၉၉ ခုနှစ်တုန်းက အိန္ဒိယက နေ တရုတ် နိုင်ငံ ဆီကို ကူးစက်ခဲ့ပြီး နောက်ဆုံး ရောဂါ ဖြစ်ပွားမှုကတော့ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပါတယ်။