အမေရိကန် ဗဟိုဘဏ်ရဲ့ လှည့်ကွက် စီမံကိန်း

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဘန် ဘနန်ကီး

အမေရိကန် ပြည်ထောင်စုရဲ့ ယိုယွင်းနေတဲ့ စီးပွားရေး ပြဿနာကို ဖြေရှင်းဖို့ ဆောင်ရွက်ချက် အသစ်တွေကို ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။

စီးပွားရေး တိုးတက်မှုအား ကောင်းလာစေဖို့ ငွေကြေး စျေးကွက်မှာ ဝင်ရောက် စွက်ဖက်ပြီး ငွေချေးစရိတ် အကုန်အကျ သက်သာအောင် ကြိုးစားလုပ်ဆောင်မယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

အဲဒီလို ကြေညာချက် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အမေရိကန်က အစုရှယ်ယာစျေးတွေ ကျဆင်းသွားပြီး ဒေါင်းဂျုံး အညွန်းကိန်းဟာ ၂.၅ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။

ကာလတို ငွေတိုက်စာချုပ် ဒေါ်လာ ဘီလီယံ ၄ဝဝဖိုးကို ပြန်ဝယ်ပြီး ကာလရှည် ငွေတိုက်စာချုပ် အဖြစ် ပြောင်းယူပစ်မယ့် ဗဟိုဘဏ်ရဲ့ အစီအစဉ်ကို operation twist လို့ ခေါ်ပါတယ်။

အခုလို လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့ ဆောင်ရွက်ချက်က အမေရိကန်ရဲ့ အကြပ်အတည်းနဲ့ ဗဟိုဘဏ်က စီးပွားရေး ပြန်လည်နိုးထလာမှုကို ထိန်းထားနိုင်ဖို့ ကြိုးစားနေတာကို ထင်ဟင် ပေါ်လွင်စေတယ်လို့ ဘီဘီစီရဲ့ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။