IMF ကမ္ဘာ့စီးပွားရေး အတွက် အသင့်ဖြစ်

imf ဓာတ်ပုံ မူပိုင် Getty
Image caption နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီး ရဲ့ အကြီးအကဲက လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာ ကြီးတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အဖွဲ့ဝင် နိုင်ငံတွေ ကြိုးပမ်း နေကြတာ လမ်းထက်ဝက် ကို ရောက်နေ ပြီ ဖြစ်တယ် လို့ဆို ပါတယ်။

အဲဒီ အိုင်အမ်အဖ် အကြီးအကဲ ဖြစ်တဲ့ ခရစ် စတင်း လဂတ်ဒ်က အိုင်အမ်အဖ် အနေနဲ့ အဖွဲ့ဝင် တွေ လိုအပ်နေတဲ့ အကူ အညီတွေကို ပေးသွားဖို့ အသင့် ဖြစ်နေပြီ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အဲဒီအထဲမှာ ယူရိုငွေကြေး သုံးစွဲ နေတဲ့ နိုင်ငံတွေ သာမကပဲ တခြား အခက်ကြုံနေ ရတဲ့ နိုင်ငံတွေ လဲ ပါဝင် ပါတယ်။

ဂရိနဲ့ ယူရိုဇုန် နိုင်ငံတွေ မှာ လတ်တလော ရင်ဆိုင်နေရတဲ့ ကြွေးမြီ ပြဿနာ တွေနဲ့ ပတ် သက်လို့ တော့ အဲဒီ နိုင်ငံတွေ ဟာလဲ ဒေသတွင်း ငွေကြေး ပြန်လည် တည်ငြိမ် လာရေး အတွက် လိုအပ်တာ မှန်သမျှကို ဆောင်ရွက် သွားကြမှာ ဖြစ်တယ်လို့ ဝါရှင်တန် မြို့တော်မှာ ကျင်းပခဲ့တဲ့ အိုင်အမ်အဖ် အစည်းအဝေး အပြီးမှာ ထုတ်ပြန်တဲ့ ကြေငြာစာတမ်း ထဲမှာ ဖော်ပြထားပါတယ်။