အစုရှယ်ယာစျေးတွေ အတက်အကျ ဆက်ကြမ်း

shares ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမနီ အစုရှယ်ယာ အရောင်း အဝယ် ဌာန

ဂျီ ၂၀ စက်မှု ထိပ်သီး နိုင်ငံတွေက ကမ္ဘာ့ စီးပွားရေးကို ကျားကန်ပေးဖို့ တင်းကြပ်တဲ့ အစီအမံတွေ ချမှတ်မယ်လို့ တနေ့က ကတိ ပြုပြီးနောက်မှာတောင် မနေ့က ကမ္ဘာ့ အစု ရှယ်ယာ စျေးကွက်တွေမှာ ရှယ်ယာစျေး တွေ အတက်အကျ ကြမ်းနေတာကို တွေ့ခဲ့ရပါတယ်။

ဥရောပနဲ့ အမေရိကန်က အစု ရှယ်ယာစျေး တွေမှာ မနေ့က စျေးဖွင့်ချိန်မှာ အတက် ပြပြီး နေ့လည်ပိုင်းမှာ အကြီးအကျယ် ထိုးကျခဲ့ပါတယ်။

ညနေပိုင်း စျေးပိတ်ချိန်ကျမှ ပြန်တက်ပြီး ပိတ်သွားခဲ့ပါတယ်။

ဘဏ္ဍာရေး စနစ် တည်ငြိမ်အောင် အစွမ်းကုန် လုပ်ဆောင်မယ်လို့ ဝါရှင်တန် ဒီစီမှာ တွေ့ဆုံခဲ့တဲ့ ဂျီ ၂၀ ဝန်ကြီးတွေက ပြောပါတယ်။

ဒါပေမယ့် ဥရောပက အကြွေး အကျပ်အတည်းဟာ ပြေလည်မယ့် အရိပ်အယောင်တွေ မပြသေးတာမို့ ရှေ့ဘာဆက်ဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုကြီး လာနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။