ယီမင်မှာ စစ်တပ်ခေါင်းဆောင်တစ်ဦး ကျဆုံး

Yemen ဓာတ်ပုံ မူပိုင် BBC World Service

ယီမင်နိုင်ငံမှာ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး ယုံကြည်စိတ်ချရတဲ့ စစ်တပ် ခေါင်းဆောင်တစ်ဦးကို လက်နက်ကိုင် အတိုက်အခံ အင်အားစု တွေက သုတ်သင်နိုင်ခဲ့တယ်လို့ ယီမင်က လာတဲ့သတင်း တွေအရ သိရပါတယ်။

ဆာနားမြို့တော်ရဲ့ မြောက်ဘက်က ရီပတ်ဘလင်ကန်အစောင့် တပ်တွေရဲ့ တပ်မှူးကို မနက်လင်အားကြီးမှာ တိုက်ခိုက်သုတ်သင်ခဲ့တာလို့ သိရပါတယ်။

နောက်ပြီး အဲဒီစစ်အခြေစိုက် စခန်းက အစိုးရတပ်ဖွဲ့ဝင် ၃၀ ကိုလည်း ဖမ်းဆီးထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ယီမင်သမ္မတကို နိုင်ငံ အနှံ့အပြားမှာ လူတွေက မကျေမနပ် ဆန္ဒပြနေရုံ သာမက လူမျိုးစု လက်နက်ကိုင်တွေနဲ့ အရင် အစိုးရစစ်တပ် တပ်မှူးဟောင်းတွေကလည်း လက်နက်ကိုင်ပြီး တော်လှန် ပုန်ကန် နေကြပါတယ်။