ရုရှား ဘဏ္ဍာရေး ဝန်ကြီး ရာထူးကနှုတ်ထွက်

Image caption ရုရှား ဘဏ္ဍာရေး ဝန်ကြီး Alexei Kudrin

ရုရှားမှာ သမ္မတ Medvedev နဲ့ လူသိရှင်ကြား ကတောက်ကဆ ဖြစ်ခဲ့ ပြီးတဲ့နောက် ဘဏ္ဍာရေး ဝန်ကြီး Alexei Kudrin ဟာ ရာထူးက နှုတ်ထွက်သွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကုန်တုန်းက သမ္မတရဲ့ စစ်တပ် အသုံးစရိတ် တိုးမြှင့်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ သဘောကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မစ္စတာ ခူဒရင်က ပြောပါတယ်။

ဒီပြောဆိုချက်တွေဟာ မမှန်ဘူးလို့ မစ္စတာ မက်ဗီရေးဒက်ဗ်က ဆိုပြီး မစ္စတာ ခူဒရင်ကို သူက ရာထူးက ထွက်ခိုင်းတာလို့ ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ ပြီးရင် လက်ရှိ ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်နဲ့ နှစ်ယောက် နေရာပြောင်းယူကြဖို့ ရှိကြောင်း သူ့ဆန္ဒကို မစ္စတာ မက်ဗီရေး ဒက်ဗ်က ပြီးခဲ့တဲ့ သီတင်းပတ် ကုန်တုန်းက ထုတ်ပြန် ကြေညာ လိုက်တဲ့ အခါမှာ မစ္စတာ ခူဒရင် ဝန်ကြီးချုပ် ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ပျောက်ကွယ် သွားခဲ့ရပါတယ်။

တကယ်တော့ ရုရှားမှာ မစ္စတာ ခူဒရင်ရဲ့ ထက်မြတ်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် စီးပွားရေး တည်ငြိမ်မှုရခဲ့တဲ့ အပေါ် သူကို အများက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခဲ့ ကြတာ ဖြစ်ပါတယ်။