အာကာသစခန်း ဆောက်ဖို့ တရုတ် ရည်မှန်းချက် ကြီးမား

Tiangong One တရုတ် လွှတ်တင်
ဓာတ်ပုံ ပုံစာ,

Tiangong One တရုတ် လွှတ်တင်

တရုတ်နိုင်ငံဟာ ဂြိုလ်ပတ်လမ်းထဲမှာ အာကာသ စခန်း တည်ဆောက်ဖို့ ကြိုးစားနေပြီး ပထမ ခြေလှမ်း အဖြစ် အာကာသယာဉ် ဆိုင်ရာ အစိတ်အပိုင်း တခု တင်ဆောင်ထားတဲ့ ဂြိုလ်ထု တလုံးကို လွှတ်တင် ခဲ့ပါတယ်။

လူလိုက်ပါမသွားတဲ့ ဒီဂြိုလ်ထုကို Tiangong One (ကောင်းကင် နန်းတော်)လို့ အမည်ပေးထားပြီး တရုတ်နိုင်ငံ အနောက်ပိုင်း Gobi Desert ဂိုဘီ သဲကန္တာရ ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစိတ်အပိုင်းကို ယာဉ်ချင်း ချိတ်ဆက်ရာမှာ သုံးမှာ ဖြစ်ပြီး တရုတ်ဟာ အာကာသ ဆိုင်ရာ စမ်းသပ် လေ့လာခန်း ဆောက်ဖို့ နည်းပညာတွေ ရှာဖွေ ဖန်တီးနိုင်တော့မှာပါ။

နောက်ပိုင်းမှာတော့ အာကာသ စခန်း တခု အပြည့်အဝ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

နောက်လကျရင် လူမပါတဲ့ အာကာသယာဉ် တစင်းလွှတ်တင်ပြီး လှုပ်ရှား ဆောင်ရွက်မှုတွေ စတင်တော့မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ လပေါ်ကို လူလွှတ်ဖို့ အပါအဝင် အာကာသ ဆိုင်ရာ စီမံကိန်းတွေကို ရည်မှန်းချက် အပြည့် ချမှတ်ထားတာ ဖြစ်ပါတယ်။