အလာကီ သေဆုံး ကြောင်း အိုဘားမား အတည်ပြု

Awlaki ဓာတ်ပုံ မူပိုင် AP
Image caption အလာကီဟာ လူမှု ဆက်သွယ်ရေး ကွန်ယက် တွေကို သုံးပြီး စည်းရုံး မှုတွေ လုပ်ခဲ့

အယ်ခိုင်းဒါး မှာ သြဇာ အညောင်းဆုံး၊ အမေ ရိကန် နိုင်ငံ မှာ မွေးဖွား သူ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် အန်ဝါ အယ်လ် အလာကီ (Anwar al-Awlaki) ကို ယီမင် နိုင်ငံမှာ အသေ ရမိ ခဲ့တယ်လို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက အတည်ပြု ပြောကြား သွားပါတယ်။

ဒီအသေ ရမိမှုဟာ အယ်ခိုင်းဒါး အတွက်တော့ အကြီး အကျယ် အထိနာ သွားတာပဲလို့ အိုဘားမားက ပြောပါတယ်။

Awlaki ဟာ အပြစ် မဲ့တဲ့ အမေရိကန် နိုင်ငံသား တွေကို သတ်ဖြတ်ဖို့ ကြိုးပမ်း မှုတွေကို စီစဉ် ညွှန်ကြားတဲ့ အပိုင်းကို ကိုင်ထား တယ်လို့ အိုဘားမား က ပြောပါတယ်။

သူစီး လာတဲ့ ယဉ်တန်း ကို အမေရိကန် တွေက လေကြောင်းက တိုက်ခိုက် ရာမှာ သေဆုံး ခဲ့တာ ဖြစ်တယ် လို့ ယီမင်နဲ့ အမေရိကန် အာဏာပိုင် တွေက အစော ပိုင်းက အတည်ပြု ပြောကြား ခဲ့ပါတယ်။

အိုဘားမား က သူ့ကို သတ်ဖို့ အမိန့်ပေးခဲ့ ပြီးနောက် အရင် အကြိမ် တွေက သူ့ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစား ပေမယ့် မအောင်မြင် ခဲ့ပါဘူး။

ခု စစ်ဆင်ရေး ကို ယီမင် နိုင်ငံ အရှေ့ပိုင်း တောင် ထူထပ်တဲ့ နေရာမှာ ပြုလုပ် ခဲ့တာ ဖြစ်ပြီး သူနဲ့ အတူ စစ်သွေးကြွ သုံးယောက် လည်း သေဆုံး တယ်လို့ သတင်း ရရှိ ပါတယ်။

Anwar al-Awlaki ဟာ ၂၀၀၉ ခုနှစ် ခရစ္စမတ် ကာလ တုန်းက အမေ ရိကန် ပြည်ထောင် စု ဒက်ထရွိုက် မြို့ကို ဦးတည် ပျံသန်း လာတဲ့ လေယာဉ်ကို ဖောက်ခွဲဖို့ ကြံစည် ခဲ့သလို၊ Fort Hood စစ်တပ် စခန်းမှာ လူတွေကို အစုလိုက် အပြုံ လိုက် သေနတ်နဲ့ ပစ်သတ်ခဲ့ မှု ဖြစ်ပွား ခဲ့ရာ မှာလည်း ပါဝင် ပတ်သက် နေသူ ဖြစ်ပါတယ်။