ရူပ ဗေဒ ဆိုင်ရာ နိုဘယ်လ်ဆု ကြေညာ

၂၀၁၁ ခုနှစ် အတွက် ရူပ ဗေဒ ဆိုင်ရာ နိုဘယ်လ် ဆုကို စကြာ ဝဠာ ကျယ်ပြန့်မှုနဲ့ ပတ်သက်လို့ အစပြု လေ့လာ ကြသူ သိပ္ပံ ပညာရှင် သုံးယောက် ဆွတ်ခူး သွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် SPL
Image caption ရူပဗေဒ နိုဘယ်လ် ဆုကို သုံးယောက် ပူးတွဲ ဆွတ်ခူး

အမေရိကန် အာကာသ ဗေဒ ပညာရှင် တွေ ဖြစ်ကြတဲ့ ဆောလ် ပါမက်တာ Saul Permutter အဒမ် ရိစ် Adam Riess နဲ့ သြစတြေလျ အမေရိကန် နိုင်ငံသား ဘရိုင်ယန် ရှမစ်ဒ် Brian Schmidt တို့က ကြယ်တာရာ တွေ ပေါက်ကွဲမှု ဆိုင်ရာ လေ့လာချက်နဲ့ ပတ်သက်ပြီး ပူးတွဲ နိုဘယ်ဆု ရရှိ သွားကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ လေ့လာချက် တွေကို အစပြုပြီး စကြာ ဝဠာ ကြီးဟာ အမြန် ဆုံး နှုန်းနဲ့ ကြီးထွား လာနေတယ် ဆိုတာ ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

နိုဘယ်ဆု ရွေးချယ်ရေး ကော်မီတီက အခု နိုဘယ် ဆုရှင်တွေရဲ့ တွေ့ရှိချက် တွေဟာ သူတို့ ကိုယ်တိုင်တောင် အံ့သြ လောက်တဲ့ လုံးဝကို အံ့မခန်း စရာ တွေ့ရှိမှု တစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။