နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2011 - 16:34 GMT

မြစ်ဆုံ ကိစ္စ အစိုးရအတွင်း အားပြိုင်မှုကို ပြနေသလား

မီဒီယာ ပလေးယား

မြစ်ဆုံရေကာတာကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးက ဆက်လုပ်မယ်လို့ပြောခဲ့ပေမဲ့ နောက်ဝန်ကြီးတဦးက ပြန်သုံးသပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

အခု သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာဆောက်လုပ်ရေးကို ရပ်ဆိုင်းထားမယ်လို့ ပြောခဲ့တော့ ဒါဟာ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလိုလားသူတွေနဲ့ မလိုလားသူတွေကြား အားပြိုင်မှုလို့ တချို့က ယူဆကြပါတယ်။

သောတရှင်တွေ ဘယ်လို ဘယ်လိုယူဆကြပါသလဲ။

ဒီလိုအားပြိုင်မှုတွေရှိနေမယ်ဆိုရင် ဒီမိုကရေစီရေး ပြောင်းလဲမှုကို ဘယ်လောက် အဟန့်အတားရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

သောတရှင်တို့ရဲ့ အတွေးအမြင်တွေကို အောက်တိုဘာလ ၅ ရက် လွတ်လပ်အတွေးအစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ

ပြည်ပအခြေစိုက် မြန်မာအရေး ဆောင်းပါးတွေ ရေးသားနေတဲ့ ပြင်ပဆောင်းပါးရှင် ကိုထက်အောင် နဲ့အမေရိကန်ပြည်ထောင်စုရောက် တပ်မတော်အရာရှိဟောင်း ဦးအောင်လင်းထွဋ် တို့ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

အီးမေးနဲ့ ဆွေးနွေးလာသူများ

အစိုးရအဖွဲ့အတွင်းမှာ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်ဆိုတဲ့ ဝန်ကြီးနဲ့ လူထုဆန္ဒကို ကြည့်ရမယ်လို့ ပြောတဲ့ ဝန်ကြီးလည်း ရှိလာတာကြောင့် အားပြိုင်မှုရှိလာတယ်လို့ ယူဆလို့ မရသေးပါဘူး၊ မြစ်ဆုံကိစ္စက အမျိုးသားရေးကိစ္စဖြစ်နေလို့ စဉ်းစဉ်းစားစားလုပ်မှဖြစ်မယ်လို့ ပြောလာတဲ့ သဘောလောက်ပါပဲ၊ လူထုဆန္ဒဘက်ကို လိုက်လျှောလာပြီလို့ မယူဆနိုင်သေးပါဘူး၊ သူတို့ လူတစုရဲ့ ရေတို ရေရှည် အကျိုးစီးပွားနဲ့ပဲ တိုင်းနေကြမှာပါ၊

တိုင်းပြည်နဲ့ လူထုအတွက်ဆိုတာ ထည့်ထွက်လို့ ရမှာ မဟုတ်သေးပါဘူး၊ ဒါပေမယ့် အစိုးရအဖွဲ့ထဲမှာရော တပ်မတော်ထဲမှာပါ တိုင်းပြည်ကို တကယ်ချစ်တဲ့၊ ကယ်တင်ချင်တဲ့ ပုဂ္ဂိုလ်တွေ အထက်မှအောက်ခြေအထိ ရှိနေပြီဆိုတာကတော့ သံသယဖြစ်စရာ မလိုတော့ပါဘူး။

ငါ နဲ့ ငါ့မိသားစု အသိုင်းအဝိုင်းချမ်းသာရင်ပြီးရောဆိုတဲ့ လူတစုနဲ့ တိုင်းပြည်ချစ်တဲ့ ပုဂ္ဂိုလ်တွေအားလုံးရဲ့ အားပြိုင်မှုကတော့ တနေ့တခြားကြီးထွားလာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲတော့ပါ။

ဦးဖိုးသာအောင်နော်ဝေ

ကျွန်မ တို့ မြန်မာနိုင်ငံသား များသည် လူညံများမဟုတ်ကြပါ။ ယဉ်ကျေးမှုကင်းမဲ့သူများ မဟုတ်ကြပါ။ ကောင်းမွန်စွာ တိုင်းပြည်အုပ်ချုပ်သူ မည်သူမဆို လက်ကမ်း ကြိုဆို မည် လက်ခံ အားပေးမည် ဖြစ်ပါသည်။

သမ္မတကြီး ယခုလို ပြည်သူ အများဘက်မှ သာ ဆက်လက်ရပ်တည်ပေး သွားပါ ၊ အများကောင်းကျိုး မကြည့်ပဲ လူနည်းစု ကောင်းကျိုးသာ ကြည့်တတ်သော လူတစ်စု ကို ပြည်သူမှ လဲ သမ္မတကြီးနှင့်အတူ လက်တွဲပြီး တွန်းလှန်တိုက်ထုတ်ဖို့ အဆင်သင့်ပဲ ဆိုသည်မှာ ကျွန်မ ရဲရဲ ကြီး အာမခံပါသည်။

ထို့အတူ တိုင်းပြည်တိုးတက် ကောင်းစား ရေး ၊ အများ ပြည်သူလူတို့ အကျိုးကို သယ်ပိုး ဆောင်ရွက်တတ်သူ ကြည့်တတ်သူများ လဲ ကျွန်မလို ရဲရဲ အာမခံ မည် ဟု ယုံ ကြည်မိပါကြောင်း ပြောကြားလိုက်ပါသည်။

Khit Min Zett

အပြိုင်အဆိုင်ရှိမှ တိုးတက်တာဆိုတော့ ကောင်းတဲ့ လက္ခဏာလို့မြင်ပါတယ်။ အစိုးရအဖွဲ့က တစ်သွေးတစ်သံ တစ်မိန့် ဖြစ်စရာမလိုပါဘူး။ စစ်တပ်မှ မဟုတ်တာ..တစ်ဦးနဲ့တစ်ဦး.အမှား အမှန်ကို ထောက်ပြဝေဖန်နိုင်တာလည်း ကောင်းပါတယ်. အနီးဆုံး ဥပမာကို ကြည့်မယ်ဆိုရင် ဧရာဝတီကိစ္စကိုပဲကြည့်ပါ။ အစိုးရအဖွဲ့က တစ်လေသံထဲဖြစ်နေရင် ဘယ်လိုလုပ်ကောင်းတော့မှာလဲ..အစိုးရအဖွဲ့ဝင်တွေဆိုတာ သမ္မတရဲ့ လက်ရွေးစင်တွေပါပဲ.သူတို့နဲ့လက်တွဲလုပ်ဖို့ သမ္မတ ကိုယ်တိုင်ရွေးချယ်ထားတာပါ။ တကယ်တမ်းလုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင်..နောက်တစ်ယောက်ချိန်းရုံပေါ့။

ကိုကို

ဒီဆွေးနွေးခန်းနဲ့ပတ်သက်ပြီး ဝေဖန် အကြံပြု လိုတယ် မှတ်ချက် ပေးလိုရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။