အိန္ဒိယနဲ့ အာဖဂန် မဟာဗျူဟာ စာချုပ်ချုပ်

India Afghan ဓာတ်ပုံ မူပိုင် AP
Image caption နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒေလီမှာ သဘောတူ စာချုပ် ချုပ်ဆို

အိန္ဒိယနဲ့ အာဖဂန် နစ္စတန် နှစ်နိုင်ငံကြား မဟာဗျူဟာ အရ အရေးပါတဲ့ သဘောတူ စာချုပ်သစ် တခုကို လက်မှတ် ရေးထိုးခဲ့ ကြပါတယ်။

ဒီစာချုပ်သစ်အရ လုံခြုံရေးနဲ့ ဖွံ့ဖြိုး တိုးတက် ရေးတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့ ရည်ရွယ်ထားပြီး နှစ်နိုင်ငံကြားမှာ တည်ရှိတဲ့ ပါကစ္စတန် နိုင်ငံကတော့ ဒီသဘော တူညီချက်ကြောင့် စိတ်မသက်သာ စရာ ဖြစ်လာ နိုင်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက သူနဲ့ အာဖဂန် ခေါင်းဆောင်တို့ ဒေသတွင်းက အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု ဝါဒရဲ့ အန္တရယ် အကြောင်းကို အသေးစိတ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဒေလီမြို့က လက်မှတ်ရေးထိုးပွဲ အခမ်းအနား အပြီးမှာ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

အာဖဂန် သမ္မတက ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အိန္ဒိယရဲ့ ကြိုးပမ်း အားထုတ်မှုကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံထဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ကြုံတွေ့ခဲ့ရပြီးနောက်မှာ အာဖဂန်နစ္စတန်နဲ့ သူ့အိမ်နီးချင်း ပါကစ္စတန်တို့ ဆက်ဆံရေးဟာ ပိုဆိုရွားလာခဲ့ပါတယ်။

ဒီနောက်မှာ ဟာမစ်ခါဇိုင်းက အိန္ဒိယကို ရောက်ရှိလာတာ ဖြစ်ပါတယ်။