လစ်ဗျား ဆာ့တ်မြို့လယ်ကို ထပ်မံစစ်ဆင်

ဓာတ်ပုံ မူပိုင် Reuters
Image caption သိမ်းယူခဲ့ပြီး နယ်မြေတွေကို ထိန်းထားနိုင် တယ်လို့ တပ်မှူးတွေက ပြောပါတယ်

လစ်ဗျားနိုင်ငံ ကြားဖြတ်အာဏာပိုင်အဖွဲ့ရဲ့ တပ်ဖွဲ့တွေဟာ ကဒါဖီသစ္စာခံတပ်တွေရဲ့ အမာခံ မြို့တခုဖြစ်တဲ့ ဆာ့တ်မြို့လယ်ကို အသစ်တဖန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။

တပ်မမှူးတဦးဖြစ်တဲ့ ဆာလေး အဲလ် ဂါဘို မူရာတာက အခုစစ်ဆင်ရေးကို စနေနေ့မနက်မှာ စတင် ခဲ့တာဖြစ်ပြီး အခုဆိုရင် ဆာ့တ်မြို့ နေရာ အများစုကို ထိန်းချုပ်ထား နိုင်ပြီ ဖြစ်ကြောင်း၊ ဆာ့တ်မြို့ တက္ကသိုလ်ကို တနင်္ဂနွေနေ့မှာ သိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။

သောကြာနေ့က တိုက်ခိုက်ခဲ့တုန်းက သိမ်းယူခဲ့တဲ့ နယ်မြေကိုလည်း ဆက်ထိန်းထား နိုင်တယ်လို့ တခြားတပ်မှူးတွေက ပြောပါတယ်။

ဒါပေမယ့်လည်း ကဒါဖီတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲ နယ်မြေကို တင့်ကားတွေ လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်ပြီးမှာ ရှေ့ဆက်တိုးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကဒါဖီရဲ့ မွေးရပ်မြေ ဆာ့တ်မြို့ကို မီးကုန်ယမ်းကုန် စတိုက်ချိန်ကစလို့ လူ ၁၂ ဦး သေဆုံး သွားခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။