တရုတ် ကုန်တင်လှေသမားတွေ မဲခေါင်မြစ်မှာ အသတ်ခံရ

Image caption မဲခေါင်ဒေသနိုင်ငံတွေက တရုတ်လှေတွေကို ကာကွယ် ပေးဖို့ တရုတ်နိုင်ငံကပန်ကြား

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေ လို့ ယူဆရသူတွေက မဲခေါင်မြစ်ထဲက တရုတ် ကုန်တင်လှေတွေကို တိုက်ခိုက်ခဲ့တဲ့ အတွက် တရုတ်လှေသမား ၁၃ ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းအများစုကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာတွေ့ ရှိခဲ့တာ ဖြစ်ပြီး၊ အလောင်းတွေကို ကြိုးတုတ်ပြီး မျက်နှာကို အဝတ်စည်းထားကြပါတယ်။

ဒီကုန်တင်လှေတွေကို မူးယစ်ဆေးဝါးဂိုဏ်း တခုကနေ ပြီးခဲ့တဲ့အပတ်က ပြန်ပေးဆွဲသွားတာ ဖြစ်တယ်လို့ ထိုင်းစစ်တပ် အရာရှိတွေက ပြောပါတယ်။

အဲဒီမူးယစ်ဂိုဏ်းဟာ အိမ်နီးချင်း မြန်မာနိုင်ငံက ဖြစ်မယ်လို့ ယူဆရကြောင်း ပြောပါတယ်။

မဲခေါင်ဒေသ နိုင်ငံတွေအနေနဲ့ တရုတ်လှေတွေအပေါ် အကာအကွယ် ပိုပေးကြဖို့ကို တရုတ် နိုင်ငံက ပြောပါတယ်။