အမေရိကန်ရဲ့ စွပ်စွဲချက် အီရန်ပယ်ချ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီအစီအစဉ်ကို တာဝန်ယူ ညွှန်ကြားခဲ့ တာဟာ အီရန် ဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်

အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီ သံအမတ် ကို သတ်ဖြတ်ဖို့ ကြံစည်မှု နောက်ကွယ်မှာ အီရန်နိုင်ငံရှိနေပြီး၊ ဒါဟာ ကလေးကလား ဆန်တဲ့ အောက်တန်းကျတဲ့ ကြံစည်မှု ဖြစ်တယ်လို့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေ အပေါ် အီရန် ပါလီမန် ဥက္ကဌ အာလီ လာရီဂျာနီက ပယ်ချလိုက်ပါတယ်။

အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ ရင်ဆိုင် နေရတဲ့ ပြဿနာရပ်တွေကနေ အာရုံလွှဲချင်တဲ့ အတွက် အခုလို စွပ်စွဲတာလို့ မစ္စတာ လာရီ ဂျာနီက အီရန်ပါလီမန်မှာ ပြောကြားလိုက် ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကတော့ အီရန်နိုင်ငံဟာ သူ့အဆို နိုင်ငံတကာ ဥပဒေကို ပြောင်းပြောင်းတင်းတင်း ချိုးဖေါက်တာ ဖြစ်တယ်ဆိုပြီး ရှုတ်ချလိုက်ပါတယ်။

အခုလို ကြံစည်မှုနဲ့ပတ်သက်ပြီး အီရန်လူမျိုး နှစ်ဦးကို နယူးယောက်မှာ စွဲချက် တင်လိုက်ပြီး နောက် အမေရိကန်ဟာ အီရန်နိုင်ငံ Revolutionary Gurad တပ်ဖွဲ့ ထိပ်တန်း အရာရှိတွေ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ မနေ့က ချမှတ်လိုက်ပါတယ်။

အမေရိကန် ရှေ့နေချုပ် အဲရစ်ခ် ဟိုးဒါးက ဒီလုပ်ကြံမယ့် အစီအစဉ်ကို ကြံစည်ပြီး၊ တာဝန်ယူ ညွှန်ကြားခဲ့တာဟာ အီရန်နိုင်ငံ ဖြစ်တယ်လို့ ပြောပါတယ်။