Greenpeace အကြီးအကဲကို အင်ဒိုနီးရှားက ပြည်ဝင်ခွင့်ပိတ်

Image caption ကျဲပါးလာတဲ့ သစ်ပင်သစ်တောတွေ

သစ်တော ပြုန်းတီးမှု တားဆီး ဆန့်ကျင်ရေး စည်းရုံး လှုပ်ရှားနေတဲ့ Greenpeace အဖွဲ့ရဲ့ အကြီးအကဲ John Sauven ကို အင်ဒိုနီးရှားအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဂရင်းပိစ်အဖွဲ့ရဲ့ အဆိုးမြင် ဖော်ပြချက်တွေကြောင့် မစ္စတာ ဆော်ဗန်ကို ပြည်ဝင်ခွင့် မပေးခဲ့တာလို့ အင်ဒို နီးရှား အရာရှိ တယောက်က ပြောပါတယ်။

မစ္စတာဆော်ဗန် ဟာ အင်ဒိုနီးရှား အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှီပြီး Sumatra ကျွန်းပေါ်က မုတ်သုန် သစ်တောတွေဆီကိုလည်း သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။