Bani Walid ဘန်နီဝါလိဒ်မြို့ကို ကဒါဖီ ဆန့်ကျင်သူတွေ သိမ်းပိုက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘန်နီဝါလိဒ်မြို့ NTC လက်ထဲကျပြီ

လစ်ဗျားနိုင်ငံမှာ ကဒါဖီ သစ္စာခံတပ်တွေ လက်ကနေ Bani Walid ဘန်နီဝါလိဒ်မြို့ တခုလုံးကို သိမ်းပိုက်လိုက်ပြီး သူတို့ရဲ့ အလံကို လွှင့်ထူလိုက်ပြီလို့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ NTC တပ်ဖွဲ့တွေက ပြောပါတယ်။

ဘန်နီဝါလိဒ်မြို့လယ် အပါအဝင် မြို့ရဲ့ ၉ဝ ရာခိုင်နှုန်းဟာ သူတို့လက်ထဲ ကျရောက်လာပြီ လို့ NTC စစ်ရေး ပြောခွင့်ရ ပုဂ္ဂိုလ် Ahmed Bani အာမက် ဘနီက သတင်းထောက် တွေကို ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးရပ်မြေ ဆာ့ထ်မြို့မှာတော့ ကဒါဖီ သစ္စာခံ တပ်က မြို့လယ်ကို ဆက်လက် သိမ်းပိုက်ထားတာကြောင့် အန်တီစီ တပ်ဖွဲ့တွေ ထိုးဖောက် အနိုင်ယူနိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

သူတို့ရဲ့ စစ်ဆင်ရေး တွေကို တဖက်က လက်ဖြောင့်တပ်တွေက ပြန်လည် ပစ်ခတ် နေတာကြောင့် ဒါတွေကို နှိမ်နင်းနိုင်အောင် နောက်ဆုံးတော့ အန်တီစီ တပ်တွေက လက်နက်ကြီးတွေ ဒုံးကျည်တွေ သုံးပြီး ပြန်ချေမှုန်း တိုက်ခိုက်နေရတယ်လို့ အဲဒီဒေသမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။