ပါလက်စတိုင်း လွတ်မြောက်

_prisoner ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပါလက်စတိုင်း အကျဉ်းသားများ

အစ္စရေးစစ်သား ဂီလဒ်ရှာလစ် နဲ့ အလဲအလှယ်လုပ် လွှတ်ပေး လိုက်တဲ့ ပါလက်စတိုင်း အကျဉ်းသား ငါးရာ နီးပါး ကို ကြိုဆိုကြဖို့ လူပေါင်း တသိန်းကျော် ဟာ ဂါဇါမြို့လည်မှာ စုရုံးရောက်ရှိ လာကြပါတယ်။

အကျဉ်းသား တွေရဲ့ မိသားစုတွေ ဟာလည်း ဟားမား ကိုယ်စလှယ်တွေ နဲ့ အတူ စုရုံးရောက်ရှိလာကြပါတယ်။ ဟားမား ခေါင်းဆောင် ခါလစ်မီရှာလ် ကလည်း သူတို့ဟာ အစ္စရေးတို့ အပေါ်မှာ ဗျူဟာကျတဲ့ အောင်နိုင်မှု ရခဲ့တဲ့ အကြောင်း ကိုင်ရိုမြို့မှာ ထုတ်ဖေါ် ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အကျဉ်းသားတွေ အသီးသီး လွှတ်ေးလိုက်မှု ကို ကြိုဆိုလိုက်ပါတယ်။

ဒါပေမယ့် အခုလို အကျဉ်းသား အလဲအလှယ် လုပ်ကြရုံနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း တို့ အကြား မပြေလည်မှု တွေ အဆင်မချော နိုင်သလို ငြိမ်းချမ်းရေး သဘောတူညီချက်လည်း ကွာဝေးဆဲ ဖြစ်ကြောင်း ဘီဘီစီ အရှေ့အလယ်ပိုင်း ဆိုင်ရာ အယ်ဒီတာ က ပြောပါတယ်။