ဦးနှောက် ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးလာနိုင်

Image caption Nature ဂျာနယ် မျက်နှာဖုံး တခု

ဆယ်ကျော်သက်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ အရင်က ထင်ထားခဲ့သလို ပုံမှန် အတိုင်း တသမတ်တည်း သွားနေတာ မဟုတ်ဘူး ပြောင်းလဲမှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ အထောက် အထားကို သုတေသီတွေက တွေ့ရှိခဲ့ကြောင်း Nature ဆိုတဲ့ ဆေးသိပ္ပံဆိုင်ရာ ဂျာနယ်မှာ ရေးသား ထားပါတယ်။

အသက် ဆယ့်လေးနှစ် ရှိတဲ့ ကလေး သုံးဆယ့် သုံးယောက်ရဲ့ ဦးနှောက်ကို စကန် ဖတ်ပြီး သူတို့ကို ဉာဏ်ရည်ဉာဏ်သွေးကို စမ်းသပ် နမူနာယူထားခဲ့ပြီး နောက် လေးနှစ်ကြာတဲ့ အခါအလားတူ ဆောင်ရွက်မှုတွေ လုပ်ကြည့် စမ်းသပ်တဲ့ အခါ ဆယ်ကျော်သက် ငါးပုံ တပုံရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ထူးထူးခြားခြား တိုးတက်လာတာကို တွေ့ရတယ်လို့ သုတေသီ တွေက ပြောပါတယ်။

ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဟာ နောက်ပိုင်းမှာ တိုးတက်လာနိုင်တာကြောင့် ဉာဏ်ရည် နိမ့်ပါးတဲ့ ခလေးတွေကို ညံ့ဖျင်းသူတွေ အဖြစ် မသတ်မှတ်မိစေဖို့ အရေးကြီးတယ် ဆိုတာကို ဒီသုတေသန ပြုချက်တွေက ပြသနေတယ်လို့ သုတေသီ အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။